Zawgyi ဘာလဲ? Unicode ဘာလဲ?
Zawgyi သည် international unicode စည်းမျဉ်းကို မလိုက်နာသည့်အပြင် တိုင်းရင်းသားဘာသာစကား၏ ကုဒ်ကိုသုံးထားသည့်အတွက် အမြန်စွန့်ပယ်သင့်ပြီဖြစ်သည် unicode myanmar font ကို ပြောင်လဲအသုံးပြုသင့်ပြီ ဖြစ်ပါသည်။
What is Unicode?
အခြေခံအားဖြင့်တော့ ကွန်ပျူတာတွေဟာ ကိန်းဂဏန်း တွေနဲ့သာ လည်ပတ်နေတာ ဖြစ်ပါတယ် ကွန်ပျူတာတွေဟာ အက္ခရာတွေနဲ့ အခြားသော သင်္ကေတတွေကို ကုဒ်ဂဏန်းတွေ အဖြစ်နဲ့သာ ပြောင်းလဲ၍ သိမ်းဆည်းပါတယ်
Unicode မပေါ်ခင်က ၄င်းအက္ခရာတွေ အမှတ်အသားတွေကို ပြောင်းလဲတဲ့ကုဒ်စနစ်က ရာပေါင်းများစွာရှိပါတယ် တစ်ခုနဲ့တစ်ခုလည်း မတူကြပါဘူး ဒီလိုမတူတဲ့အတွက် Language တစ်ခုကနေ အခြားတစ်ခုကို Translate လုပ် တဲ့အခါမှာ အခက်အခဲတွေ စဖြစ်တော့တာပါပဲ ဥပမာပြောရရင် Myanmar 3 နဲ့ရေးထားတဲ့စာတွေကို Zawgyi တင်ထားတဲ့ ဖုန်းတွေ ကွန်ပျူတာတွေမှာ ကိုးယို့ ကားယား တွေလာပေါ်နေပြီး ဖတ်မရတာမျိုးပါ
Unicode is changing all that!
အဲဒီပြသနာတွေအားလုံးကို Unicode ကနေ အဖြေရှာလို့ရခဲ့ပါပြီ Unicode ဆိုတာက Universal Encoding System ကိုဖော်ညွှန်းပါတယ် စကြ၀ဠာသုံးကုဒ်ပြောင်းလဲစနစ် ပေါ့
Unicode စနစ်ဟာ အမှတ်သင်္ကေတတိုင်း အက္ခရာတိုင်းအတွက် ပြိုင်ဘက်ကင်း သီးသန့်  ကုဒ်နံပါတ်တွေကို ထုတ်ပေးပါတယ် ဒါကြောင့် မည်သည့် Platform မည်သည့် Program မည်သည့်ဘာသာစကား ကိုဖြစ်ဖြစ် မှန်မှန်ကန်ကန် ကုဒ်ပြောင်းလဲပြီး ဖော်ပြပေးပါတယ်
Unicode စံနှုန်းတွေကို နည်းပညာရှေ့ဆောင် ကုမ္ပဏီကြီးတွေဖြစ်တဲ့ Apple, HP, IBM, JustSystems, Microsoft, Oracle, SAP, Sun, Sybase, Unisys စသည့် နည်းပညာ ကုမ္ပဏီများစွာမှ အတည်ပြုထုတ်ပြန် ပေးတာ ဖြစ်ပါတယ်
XML, Java, ECMAScript (JavaScript), LDAP, CORBA 3.0, WML အစရှိတဲ့ Programming ဘာသာရပ်တွေအတွက်လည်း ခေတ်သစ်စံနှုန်းအနေနဲ့ Unicode ကိုလိုအပ်ပါတယ်
မြောက်များစွာသော Operating System တွေ Modern Browser တွေနဲ့ အခြားသော Product များစွာဟာ Unicode ကို အထောက်အပံ့ပေးပါတယ်
Written by: TB