မိမိရဲ့Android ဖုန်းအတွက်​ firmware ကို ကိုယ်​တိုင်​တင်​လိုသူ​တွေ အတွက်



တကယ်​​တော့ ကျ​နော်​တို့လူလတ်​တန်းစားသုံး Android OS ဖုန်း​တွေက firmware တင်​ရတာမခက်​ပါဘူး သတိပြုစရာအချက်​က​လေး​တွေ​တော့ ရှိပါတယ်​ ဒါကလည်း မိမိ တင်​ချင်​တဲ့ဖုန်းရဲ့ model number, built number ​တွေနဲ့ ကိုက်​ညီတဲ့ firmware ကိုသာတင်​ဖို့၊ တကယ်​လို့ တင်​​နေရင်းနဲ့ အဆင်​မ​ပြေတာရှိခဲ့ရင်​ system restore ပြန်​လုပ်​နိုင်​​အောင်​ backup လုပ်​ထားဖို့ပါပဲ အထူးသဖြင့်​ Huawei ဖုန်း​တွေက firmware တင်​ရတာ ​တော်​​တော်​ပဲ လွယ်​ပါတယ်​ ကိုယ်​တင်​ချင်​တဲ့ firmware ကို​တော့ ဖုန်းရဲ့ build number, model number ကိုကြည့်​ပြီး internet က​နေ download ဆွဲလို့ရပါတယ်​ computer software ​ရောင်းတဲ့ဆိုင်​​တွေမှာလဲ ​မေးပြီးဝယ်​လို့ရပါတယ်
Huawei ဖုန်းကို firmware တင်​နည်း
၁။ မိမိဖုန်းနဲ့ကိုက်​ညီမယ့်​ firmware ကို internet ကဖြစ်​​စေ software ဆိုင်​ကဖြစ်​​စေရပြီဆိုရင်​ ရလာတဲ့ file က .rar file သို့မဟုတ်​ .zip file ဖြစ်​ပါလိမ့်​မယ်​ extract လုပ်​လိုက်​ပါ
၂။အဲဒီထဲက​နေ dload ဆိုတဲ့ folder လေးကို ရှာလိုက်​ပါ  ဒီ folder လေးထဲက update cust ဆိုတဲ့ file က firmware ပါပဲ
၃။memory card ထဲထည့်​ပီး run မှာမို့ 2G အနည်းဆုံးရှိတဲ့ memory card လွတ်​တစ်​ခုလိုပါတယ်​ dload ဆိုတဲ့ folder လေးကို card လွတ်​ထဲကူးထည့်​လိုက်​ပါ
၎။ဖုန်းကိုpowerပိတ်​ပါ ဓာတ်​ခဲဖြုတ်​ပါ card ထည့်​လိုက်​ပါ စက္ကန့်​အနည်းငယ်​​စောင့်​ပြီးမှ ဓာတ်​ခဲပြန်​တပ်​ပါ
၅။volume up ,volume down,power စတဲ့ ခလုတ်​သုံးခုလုံးကို တစ်​ပြိုင်​နက်​ နှိပ်​ပါ ​အောက်​မှာပြထားတဲ့ ပုံများအတိုင်း အဆင့်​ဆင့်​အလုပ်​လုပ်​သွားပါလိမ့်​မယ်​ ပြီးရင်​ restart ကျသွားပါမယ်​ ဒါဆိုရင်​ firmware တင်​တာ ​အောင်​မြင်​သွားပါပြီ 
 
Firmware ထဲတွင် vendor ဖိုင်ပါဝင်ခြင်း
တစ်ချို့ Firmware တွေ ဖြည်လိုက်ရင် vendor ဖိုင်လေးအပိုပါနေပါတယ်။
dload အပြင် vendor ဖိုင်လည်းလိုအပ်ပါတယ် dload တစ်ခုတည်းနဲ့တင်ရင် step 2 မှာ fail ပြမှာပါ။ ဥပမာ Ascend G300 U8818 လိုမျိုး​ပေါ့။
သူ့တင်နည်းကတော့ Firmware ကို ဖြည်လိုက်ရင် dload,vendor ဆိုပီးထွက်လာပါတယ် ။
sd card အလွတ်ထဲကို dload ဖိုင်ကိုကူးထည့်လိုက်ပါ။ပီးရင် vendor ဖိုင်ထဲက UPDATE.APP ဆိုတာကို rename ပြန်ပေးရပါမယ်။ ဒီလိုလေးပါ “UPDATE_CUST.APP” ဆိုပီးတော့​​ပေါ့။ ပီးရင် အဲ့ကောင်ခုနက
sd card>dload folder ထဲသွားထည့်လိုက်ပါ။ ပီးရင် ထုံးစံအတိုင်း vol up +vol down + power တွဲနှိပ်လိုက်ပါ။

Firmware ဖြည်လိုက်ရင် step 1 2 3 ပါတာတွေ
ဥပမာ – U8800pro လိုဟာမျိုးတွေပေါ့ Adroid version မြှင့်တော့မယ်ဆိုရင် တိုင်ပတ်တတ်တယ်။
ဒါမျိုးတွေ့ပီဆိုရင် ကိုယ့်​ဗားရှင်းက အခုလက်ရှိဘယ်လောက်သုံးထားတယ်ဆိုတာကို အရင်ဆုံး တစ်ချက်ကြည့်ဖို့လိုတယ်ဗျ ။အဲဒါမှအဆင်ပြေပြေဖြေရှင်းနိုင်မယ်။ဘာလို့လဲဆိုတော့ ဥပမာ
android version 2.2 ကနေ version 4.0 တက်မှာဆိုရင်တော့ step 1 က dload ကို အရင်တင် ပီးရင် step 2 dload , step 3 dload အဆင့်ဆင့်ပေါ့။အဲ့ 2.3.6 လောက်ကနေမြင့်မယ်ဆိုရင်
step 1 မလိုပဲ step 2 ကနေစတင်ရင်တောင်ရတယ် ။ ဒါပေမဲ့ သေချာချင်ရင် step 1 မှစ၍ တင်​ပါ။









နှလုံးစိတ်​၀မ်း ငြိမ်းချမ်းကြပါ​စေ
သိန်းသန်းထိုက်