Pattern Lock,Password. မေ့သွားပါက. . .
မိမိ Android ဖုန်း၏ Pattern Lock, Password ကို မေ့သွားပါက reset ပြန်ချ လိုက်လို့ ရပါတယ်
Recovery Mode ထဲဝင်ပီး Wipe data factory reset ကိုရွေး
Reboot လုပ်ပေးလိုက်ရင် အဆင်ပြေသွားပါလိမ့်မယ်
Recovery Mode ကိုဝင်နည်း
Setting ထဲက Fastboot mode ကို Off ထားပါ
ဖုန်းကို ပါဝါပိတ်ပါ
Huawei ဖုန်းဖြစ်ပါက Power+Volume Up ကို တပြိုင်နက် ၁၀ စက္ကန့်လောက် ဖိထားရင် Recovery Mode ထဲကိုရောက်သွားပါလိမ့်မယ်
Samsung, HTC, Sony ဖုန်းဖြစ်ပါက နဲနဲရှုပ်ပါတယ်
Model တစ်ခုနဲ့တစ်ခု Recovery Mode ၀င်နည်းကမတူပါဘူး
Home key ပါရင်တမျိုး မပါရင်တမျိုးပါ
Home key ပါတာချင်းတူပေမယ့်လဲ ၀င်နည်းက မတူတတ်ပါဘူး
အဲတော့ ကိုယ်တိုင်သာ ရှာလုပ်ကြည့်လိုက်ပါ
ခလုပ်နှိပ်ရုံနဲ့တော့ ဘယ်ဖုန်းမှ မပျက်ပါဘူး
နှလုံးစိတ်ဝမ်း ငြိမ်းချမ်းကြပါစေ