What is Forum? ဖိုရမ်​ဆိုတာ ဘာလဲ?




What is Forum?
ဖိုရမ်​ဆိုတာ ဘာလဲ?


Forum ဆိုတဲ့ အသုံးရဲ့မူရင်းက Roman ကလို့သိပါတယ်​။ ​ရောမမြို့မှာ ပြည်​သူ​တွေအတွက်​ ကိုယ်​​ဆွေး​နွေးချင်​တဲ့ အ​ကြောင်းအရာကို လွတ်​လပ်​စွာ ​ပြောဆို​ဆွေ​နွေးဖို့ ခွင်​ပြုထားခဲ့တဲ့​နေရာ​ပါ။ ​နောက်​ပိုင်း ဒီ Roman ဆိုတဲ့ အမည်​က အ​မေရိကကို​ရောက်​ခဲ့တဲ့အခါ Forum ဆိုပြီးဖြစ်​ခဲ့ပါတယ်
Forum ဆိုတဲ့​ခေါင်းစဉ်​​အောက်​မှာ ကျ​နော်​တို့​တွေ ကိုယ့်​အယူအဆ သူ့အယူအဆ​တွေကို ​ဆွေး​နွေးဖလှယ်​မှု​တွေ ပြုလုပ်​နိုင်​ပါတယ်​ အခုကမ္ဘာမှာ ဒီယဉ်​​ကျေးမှုဟာ ​တော်​​တော်​ကို ထွန်းကားပါတယ်​ ​Medical Forum, Technical Forum, Engineering Forum, Internet Forum, Agricultural Forum, Mobile Technology Forum စသဖြင့်​ ​ခေါင်းစဉ်​အမျိုးမျိုးနဲ့ Forum ​တွေကျင်းပ​နေကြပါတယ်​ အခုမိုဘိုင်းအင်​တာနက်​စနစ်​ ဖွံ့ဖြိုးလာ​တော့ ဝက်​ဘ်​စာမျက်​နှာ​တွေ လူမှုကွန်​ယက်​​တွေ​ပေါ်မှာ အမြဲတမ်း Forum ​တွေကို အ​ကြောင်းအရာအမျိုးမျိုး ​ခေါင်းစဉ်​အမျိုးမျိုးနဲ့ ကျင်းပ​နေကြပါပြီ  ကျ​နော်​တို့မြန်​မာနိုင်​ငံမှာလည်း Forum ​တွေကျင်းပ​နေကြပါတယ်​ အထူးသဖြင့်​ ရန်​ကုန်​ မ​န္တ​လေး မြို့ကြီး​တွေမှာလုပ်​​နေကြတာပါ အင်​တာနက်​မှာလည်း Myanmar Forum ​တွေအများကြီးရှိပါတယ်​ ကျ​နော်​သိတဲ့ Myanmar Forum ​တွေကို ​အောက်​မှာ​ဖော်ပြ​ပေးပါမယ်​ ကျ​နော်​တို့​တွေအ​နေနဲ့ လူမှုကွန်​ယက်​​တွေ​ပေါ်မှာ အချိန်​​တွေကိုဖြုန်​​နေမယ့်​အစား အဲဒီလို မြန်​မာလို​​​ဆွေး​နွေးလို့လည်းရ ​မသိတာ​တွေကိုလည်း ​မေးမြန်းလို့ရပြီး အခြားလူ​တွေ​ဆွေး​နွေး​နေတဲ့ အ​ကြောင်းအရာ​တွေကိုလဲ ​လေ့လာနိုင်​တဲ့ Myanmar Forum ​တွေဆီကို အ​ရောက်​သွားပြီး ​ဆွေး​နွေးတာ​တွေ ​လေ့လာတာ​တွေ လုပ်​သင့်​ပါတယ်​ ဒီလို​သွား​ရောက်​​လေ့လာတဲ့အခါ ​လေ့လာရုံသက်​သက်​ဆိုရင်​ Register လုပ်​တာ ကိုယ်​ရဲ့​ Mail Account နဲ့ Log In ဝင်​တာ​တွေ မလိုအပ်​​ပေမယ့်​ ကိုယ်​တိုင်​ပါဝင်​​ဆွေး​နွေးမယ်​ ​မေးခွန်း​တွေ​မေးမယ်​ ဆိုရင်​​တော့ Register လုပ်​ Log In ဝင်​ရပါလိမ့်​မယ်​. . .
 ဖိုရမ်​ဆိုဒ်​တချို့ကို ​အောက်​မှာနမူနာအ​နေနဲ့ ရှာ​ပေးထားပါတယ်​ တကယ်​အသုံးဝင်​တဲ့ ဖိုရမ်​​တွေရှာပြီး ​ဆွေ​နွေးကြပါစို့














Written by: TB