Xiaomi ဖုန်းများအား MIUI ROM တင်နည်း

လက်ရှိ
ပြည်တွင်း ဈေးကွက်ထဲမှာ လူသုံးများလာခဲ့တဲ့ Xiaomi ဖုန်းတွေအတွက် MIUI
ROM ကို ကိုယ်တိုင် တင်နိုင်မယ့် နည်းလမ်း ဖြစ်ပါတယ်။
ဒီလိုပြုလုပ်ဖို့အတွက် ကိုယ်အသုံးပြုနေတဲ့ Device နဲ့ သက်ဆိုင်တဲ့ ROM
ကိုတော့ Download ပြုလုပ်ရပါလိမ့်မယ်။
ROM ဖိုင်ကို အောက်ကလင့်ကနေ သွားရှာပြီး ဒေါင်းနိုင်ပါတယ်။
<<

ROM ကို Download ပြုလုပ်ရရှိပြီ ဆိုရင်တော့ ရရှိလာတဲ့ MIUI ROM ကို ဖုန်းရဲ့ SD Card အတွင်းသို့ ထည့်လိုက်ပါ။ SD Card ထဲကို ROM ဖိုင်ရရှိပြီ ဆိုရင်တော့ ကိုယ့်ရဲ့ Xiaomi ဖုန်းမှာရှိနေတဲ့ Updater ဆိုတဲ့စနစ်ကို ဖွင့်လိုက်ပါ။ Updater ထဲမှာ ခုလိုမျိုးမြင်တွေ့ ရပါလိမ့်မယ်။

မြင်တွေ့ရတဲ့ မြင်ကွင်းကတော့ Updater စနစ်ထဲကို ရောက်ရှိနေတာ ဖြစ်ပါတယ်။ ဒီနေရာမှာ ဖုန်းရဲ့အောက်ခြေမှာ ရှိနေတဲ့ Menu ကိုနှိပ်လိုက်ပါ။ ဒါဆိုရင်တော့ ခုလိုမျိုးမြင်တွေ့ ရပါလိမ့်မယ်။

မြင်တွေ့ရတဲ့ မြင်ကွင်းမှာရှိနေတဲ့ Select Update Package ဆိုတဲ့ နေရာကို နှိပ်လိုက်ပါ။ ဒီနေရာမှာတော့ ဖုန်းမော်ဒယ် ပေါ်မှာမူတည်ပြီး မြင်တွေ့ရမယ့် စာသားဟာ အချို့ဖုန်းတွေမှာဆိုရင် Installation zip file လို့လည်း တစ်ခါတစ်ရံမှာ ဖြစ်နိုင်ပါတယ်။ ဒါကတော့ ကိုယ်အသုံးပြုတဲ့ Xiaomi ဖုန်းအမျိုးအစားနဲ့ မော်ဒယ်ပေါ်မှာ မူတည်ပြီး မြင်တွေ့ရတဲ့ မြင်ကွင်း ကွာခြားမှု ရှိနိုင်ပါတယ်။ Select Update Package ကို ရွေးချယ်ပြီး နှိပ်ပေးလိုက်ရင်တော့ ခုလိုမျိုး မြင်တွေ့ရပါလိမ့်မယ်။

ဒီနေရာမှာ SD Card ထဲမှာ ထည့်သွင်းထားတဲ့ MIUI ROM ဖိုင်ကို ရွေးချယ်ပေးလိုက်ပါ။ ပြီးရင်တော့ Update ကိုနှိပ်ပါ။

ဖုန်းက သူ့အလိုအလျောက် ROM ဖိုင်ကို ထည့်သွင်းပေး နေပါလိမ့်မယ်။ အားလုံးပြီးသွားတဲ့ အချိန်မှာ Reboot to finish ကိုနှိပ် လိုက်ရုံပါပဲ။

ဖုန်းကပါဝါ ကျသွားပြီး ပြန်တက်လာရင် ရပါပြီ။
Copied from : Internet Journal

<<>>