ခြိမ်းခြောက်မှု များစွာကြောင့် မြောက်ကိုရီးယား ခေါင်းဆောင်ကို လုပ်ကြံသည့် အကြောင်းကို ဟာသဆန်ဆန် ရိုက်ကူးထားသည့် "The Interview" ရုပ်ရှင် ဖြန့်ချိမည့် ရက်ကို Sony ရွေ့ဆိုင်း

Sony
သည် လွန်ခဲ့သည့် ရက်သတ္တပတ်အတွင်း ခြိမ်းခြောက်မှုများစွာ
လက်ခံရရှိခဲ့ပြီးနောက် "The Interview" ရုပ်ရှင်ဖြန့်ချိမည့်ရက်
ရွှေ့ဆိုင်းလိုက်ကြောင်း ထုတ်ပြန်သွားခဲ့သည်။
ထိုခြိမ်းခြောက် မှုများအနက် တစ်ခုမှာ ၎င်းဇာတ်ကားတင်သည့်
ရုပ်ရှင်ရုံများကို အကြမ်းဖက် တိုက်ခိုက်မှုများ ပြုလုပ်သွားမည် ဆိုသည့်
ပြောကြားချက်ကို ရရှိထားခြင်းဖြစ်သည်။ အမည်မဖော်ပြထားသော အာဏာပိုင်များက
စုံစမ်းစစ်ဆေး မှုများကို ဂရုတစိုက် လုပ်ဆောင်နေကြောင်းနှင့် အမေရိကန်
အစိုးရတွင် Sony တိုက်ခိုက်မှု နောက်ကွယ်တွင် မြောက်ကိုရီးယားရှိသည့်
အထောက်အထားများကို လက်ဝယ်ပိုင်ဆိုင်ထားကြောင်း Wall Street Journal နှင့်
New York Times တို့မှ ဖော်ပြထားသည်။ Sony က ၎င်းတို့တွင် ဇာတ်ကား
ဖြန့်ချိမှုအတွက် စီစဉ်ထားမှုများ
မရှိကြောင်း၊ ကုမ္ပဏီအနေဖြင့် "The Interview" ဇာတ်ကား ဖြန့်ချိရေးကို
ထိန်းချုပ်လိုက်ရသည့် အတွက် စိတ်မကောင်း ဖြစ်မိကြောင်း၊ ၎င်းလုပ်ငန်းစဉ်အတွင်း
အမေရိကန် ပြည်သူများ၊ ကုမ္ပဏီ ဝန်ထမ်းများနှင့် ကုမ္ပဏီတို့
ထိခိုက်မှုများဖြင့် ကြုံတွေ့ခဲ့ရကြောင်း Sony ပြောရေးဆိုခွင့်ရှိသူက
ထုတ်ပြန်သွားခဲ့သည်။
အဆိုပါ ကြေညာချက်သည် ရုပ်ရှင်ရုံများစွာက ဒီဇင်ဘာလ ၂၅ ရက်တွင် "The
Interview" ဇာတ်ကားကို ပြသမည့် အစီအစဉ်ကို ဖျက်သိမ်းရန်
ဆုံးဖြတ်ခဲ့သောကြောင့် ထွက်ပေါ်လာခြင်း ဖြစ်သည်။ Sony က ရုပ်ရှင်ရုံ
ပိုင်ရှင်များသည် ဝန်ထမ်းများနှင့် ရုပ်ရှင်ကြည့် ပရိသတ်၏ လုံခြုံရေးကို
စိုးရိမ်ရသောကြောင့် ဖြစ်ကြောင်း ပြောဆိုခဲ့သည်။
၎င်း "The Interview" ရုပ်ရှင် ဇာတ်ကားသည် မြောက်ကိုရီးယား ခေါင်းဆောင်ကို
လုပ်ကြံသည့် အကြောင်းကို ဟာသဆန်ဆန် ရိုက်ကူးထားသည့် ယခုရာသီအတွင်း
လူပြောအများဆုံး ရုပ်ရှင်ဇာတ်ကား တစ်ကားဖြစ်သည်။
Credit to InternetJournal