Miss Asia Pacific World 2014 ပြိုင်ပွဲတွင် မြန်မာ အလှမယ် မေမြတ်နိုး ပထမဆုဖြစ်သည့်Miss Asia Pacific အလှမယ်ဆုကို ဆွတ်ခူး
တောင်ကိုရီးယားနိုင်ငံတွင်ကျင်းပသည့် Miss Asia Pacific World 2014
ပြိုင်ပွဲတွင် မြန်မာ အလှမယ် မေမြတ်နိုးသည် ပြိုင်ပွဲ၏ပထမဆုဖြစ်သည့်Miss
Asia Pacific အလှမယ်ဆုကို ဆွတ်ခူး သွားခဲ့သည်။
ပြိုင်ပွဲ၏အစောပိုင်းတွင်လူကြိုက်အများဆုံးဆုကိုလည်းဆွတ်ခူးထားခဲ့သည့်
အသက်၁၈နှစ်အရွယ်
မေမြတ်နိုးသည်နောက်ဆုံးအဆင့်ပြိုင်ပွဲတွင်အိမ်ရှင်ကိုရီးယားအလှမယ်ကိုအနိုင်ယူကာဆုတံဆိပ်
ဆွတ်ခူးခဲ့ခြင်းဖြစ်သည်။
နိုင်ငံတကာမှအလှမယ်၄၀နီးပါးဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့်ယင်းပြိုင်ပွဲတွင်ဆန်ကာတင်အလှမယ်ခုနှစ် ဦးကိုဦးစွာရွေးချယ်ခဲ့ပြီးနောက်နောက်ဆုံးအဆင့်ကိုယှဉ်ပြိုင်စေခဲ့ခြင်းဖြစ်သည်။
နောက်ဆုံးယှဉ်ပြိုင်ခဲ့သူခုနှစ်ဦးတွင်မေမြတ်နိုးကပထမ၊တောင်ကိုရီးယားမှ Kim Eea ကဒုတိယ၊မကာအိုမှ Hio Man Cha ကတတိယနှင့်ဖိလစ်ပိုင်မှ Hillarie Danielle Parungao စတုတ္ထဆုများအသီးသီးရခဲ့သည်။

.jpg)
.jpg)
.jpg)
.jpg)