နွားရိုင်းသွင်းချိန်နှင့်ဂငယ်ကွေ့စစ်တမ်း (၁)
ဘာကောင်မှမဟုတ်သော ကျနော်သည် နိုင်ငံရေးသုခမိန်မဟုတ်သည်မှာသေချာလှပါသည်။ သို့သော် နိုင်ငံသည် အနုံညာတတစ်ဦး၏ အသံကိုလည်း မျှော်လင့်ကောင်းမျှော်လင့် နေနိုင်ပါသည်။ ထို့ကြောင့် ဤစာတမ်းကို ရေးဖြစ်သည်။
(မင်းဒင် ရေးသည်။)
နိဒါန်း
ဤစစ်တမ်းသည် မြန်မာ့နိုင်ငံရေးအကူးအပြော င်းပေါ် စာရေးသူစဉ်းစားဆင်ခြင်ချက်တ စ်ရပ်သာဖြစ်ပြီးအတ္တနောမတိကို အခြေခံသည် ဖြစ်သောကြောင့် ယုံကြည်လက်ခံရန်မဟုတ်။ ဆင်ခြင်တွေးတောရန် သာဖြစ်ကြောင်း ဦးစွာပြောလိုသည်။အထူးသဖြင့်  မြန်မာ့နိုင်ငံရေး အကူးအပြောင်းသည်၊မည်သို့သော တွန်းအားကြောင့်ဖြစ်ပေါ်လာရေ ကြာင်း
မှန်ကန်စွာစေ့ငုနိုင်လျှင် လာလတ္တံ့သော နိုင်ငံရေးဖြစ်စဉ်များ တွင်
မြန်မာလူထုတရပ်လုံး၏ ရှေ့ဆက်ရမည့်ခရီးအတွက် လှမ်းရမည့်ခြေလှမ်းအမှန်ကို တွက်ဆနိုင်ကောင်းသည်။တွက်ဆမှုလွဲမှားလျှင် (၂၀၁၅)ခုနှစ်မြန်မာ့နိုင်ငံ ရေးပင်လယ်ပြင်တွင် မိုးသက်မုန်တိုင်းကျရောက်နိုင်သည့်အလားအရှိနေသည်။
(၁)စစ်ခေါင်းဆောင်ဟောင်းကြီး၏ မဟာဂရုဏာတော်ပေလော။
(၂၀၁၀)ခုနှစ်တွင်မြန်မာ့နို င်ငံရေးလမ်းကြောင်းသည် စစ်အစိုးရအာဏာရှင်စံနစ်မှသည်၊ဒီမိုကရေစီလမ်းကြောင်းပေါ် သို့ ဗြုန်းဒိုင်းကြီး ဦးတည်ချိုးကွေ့ လာခဲ့သည်။ဗမာ့စစ်တပ်အသိုင်း အဝိုင်းကမူ မြန်မာနိုင်ငံရေးအကူးအပြောင်းသည် ယခုအခါစာဖတ်နေသူကြီး၏ မဟာဂရု ဏာတော်ဟုဆိုကာ အမွှန်း သူ့ကိုတင်ကြသည်။ စစ်ခေါင်းဆောင်ဟောင်းကြီး၏အ ကြင်နာတရားဟု တိုက်ရိုက်တမျိုး၊သွယ်ဝိုက် ၍တသွယ် မီးမောင်းထိုးပြနေခဲ့ကြသည်။
သို့သော် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် လွှတ်တော်တွင်းသို့ဝင်ရောက်လာခြင်း၊မြစ်ဆုံစီမံကိန်းကို ရုတ်ခြည်း ရပ်ဆိုင်းခြင်း ၊မြောက်ကိုးရီးယားနှင့်စစ်ေ ရးကဏ္ဍ အဆက်အသွယ်ဖြတ်တောက်ခြင်းစသည့်ကိစ္စရပ်များအပါအဝင် နိုင်ငံရေးဖြစ်စဉ်အတော်များ မျာ သည် မထင်မှတ်ပဲ အဆက်အစပ်မဲ့ဆင့်ကဲဆင့်ကဲဖြစ်ပေါ်လာခဲ့သည်။
တိတိကျကျဆိုရလျှင် အာဏာတည်မြဲရေးအတွက် တရုတ်ပြည်ကြီးကို အစွန်းတဖက်နင်းကာ အမှီသဟဲပြုခဲ့သော ဗိုလ်ချုပ်မှူးကြီး ဟောင်းသည် မြစ်ဆုံစီမံ ကိန်းရပ်နားမိန့်ကို မည်သည့်နည်းနှင့်မျှ ပေးဖွယ်ရာမရှိသလိုမြောက်ကိုးရီးယားနှင့်ညောင်ညိုပင်လမ်းခွဲသို့ ရောက်ရန် ခိုင်လုံသောအကြောင်းလည်းမရှိချေ။သေချာသော အချက်မှာမြစ်ဆုံကိုရပ်ဆိုင်းခြင်း၊မြောက်ကိုးရီးယားနှင့်
လမ်းစဖြတ်ခြင်း၊ မီဒီယာကိုအထိုက် အလျောက်လွတ်လပ် ခွင့်ပေးခြင်းတို့သည်
မြန်မာ့ဒီမိုကရေစီ အလှည့်အပြောင်း၏ထင်ရှားသော သင်္ကေတများ ဖြစ်လေရာ
အဆိုပါတိုက်ပွဲခေါ်သံတံပိုးခ ရာအဖြစ် ဒီမိုကရေစီရှေ့ပြေးစည်တော်ကို ရွမ်းဝံ့သည်မှာ အလွန်တရာဆန်းပြားနေသည်။
စစ်အစိုးရသည်တရုတ်နိုင်ငံနှ င့် စစ်ရေး၊စီးပွားရေးကဏ္ဍများတွင် ခြေလှမ်းမှားများကို အလွန်အကျွံလှမ်းခဲ့သည်။မြစ် ဆုံဆည်စီမံကိန်း၊ ကျောက်ဖြူကူမင်းရေနံပိုက်လိုင်းတို့အပြင် များပြားလှစွာသော သယံဇာတများ၊တိုင်းပြည်၏ အဓိကရ စီမံကိန်းမှန်သမျှကို တရုတ် တို့လက်သို့ထိုးအပ်ထားခဲ့သည်။၂၀၀၁မှ ၂၀၀၅အထိ မြောက်ကိုးရီးယားနှင့်စစ်ရေးခြေလှမ်းကျဲခဲ့ကာ နျူကလီးယားအိပ်မက်ကို မက်ခဲ့ကြ သည်။ထိုသို့သောအခြေအနေတွင် မြစ်ဆုံကိုရပ်၊တူးလက်စဥမင်လိုဏ်ခေါင်းတို့ကိုဆိုင်းငံ့ ကာ ကိုယ့်တံထွေးကို ပြန်မြိုလျက်၊ အနောက်သို့ မျက်နှာပြန်မူ၍ လက်နှစ်ဖက်ကိုဆန့်တန်းခဲ့ခြ င်းသည် ဗိုလ်ချုပ်မှူးကြီးဟောင်း၏ အစီအမံဖြစ်သည်ဆိုလျှင် ကျားဥပုပ်ဆောင် ဝင်၍သက်သတ်လွတ်စားသည့်နှယ် ယုတ္တိမတန်ကြောင်း ထင်ရှားသည်။
ကမ္ဘာကုန် ကျယ်သရွေ့အာဏာကိုဖက်တွယ်ထား မည့်အစီအမံများကို ရုတ်တရက်စွန့်လွှတ်လိုက်ခြင်းသည် ဂန္တဝင်လူမိုက်ကြီး နေ့ချင်းညချင်းအမြင်မှန်ရသွားသည့် စိတ်ကူးယဉ်ဇာတ်လမ်းသဖွယ်ဒဏ္ဍာ ရီဆန်လွန်းလှသည်။ထို့အတူ အမေရိကန်သမ္မတကြီးကိုယ်တိုင် ဗိုလ်ချုပ်မှူးကြီး၏အစီအမံကိုနာခံယုံကြည်လျက် ရန်ကုန်တက္ကသိုလ်ဘွဲ့နှင်းသဘ င်ခန်းမစင်မြင့်ဆီသို့ကြွရောက်တော်မူလာသည်၊ ဆိုပါ လျှင် အဆို ပါဆင်ခြင်ချက်မှာ စိတ်ပေါ့သွပ်သူ၏အတွေးသာဖြစ် ချိမ့်မည်။ထို့အတူကမ္ဘာနိုင် ငံအသီးသီးအနေဖြင့် ၎င်းတို့ရရန်ရှိသည့် ကြွေးမြီတို့ကို ရက်ရောစွာလျှော်ပစ်ကြခြင်းသ ည် ဗိုလ်ချုပ်မှူးကြီးဟောင်းကို ယုံကြည်၍တော့ မဖြစ်တန်ရာ။
ထိုသို့ဆိုလျှင် မြန်မာ့နိုင်ငံရေးအကူးအပြော င်းသည် အဘယ်ဆီမှ မြစ်ဖျားခံပါသနည်း။
(၂)ထူးဆန်းသောစာတစ်စောင်
စစ်တပ်အတွင်း၌ပင် စစ်ဗိုလ်ချုပ်ကြီးတို့၏ ညစ်နည်းတစ်ထောင်ကို စိတ်ပျက်လာနေသူအချို့အမှန်ပ င်ရှိခဲ့လေသလော တွေးတော ဖွယ်ကိစ္စရပ်များရှိခဲ့သည်။ စာရေးသူထံသို့ပင် တပ်မတော်အရာရှိတစ်ဦးအမည်ခံ ကာ ၂၄၊အောက်တိုဘာ၂၀၀၈နေ့ရက်စွဲ ဖြင့် မေးလ်တစ်စောင်ရောက်လာဖူးသည် ။ထိုစာ၏ဆိုလိုရင်းမှာ မြန်မာ့နိုင်ငံရေးအကူးအပြော င်းအတွက် စီမံချက်တစ်ရပ်ရေးဆွဲ တင်ပြခြင်း ဖြစ်၏။အဆိုပါရွှေပြည်တော်စီမံချက်ကို ထိုစဉ်က တာဝန်ထမ်းဆောင်ဆဲ ဒုတိယဗိုလ်ချုပ်ကြီးတစ်ဦးက ဦးဆောင်သည်ဟု ဖော်ပြထား သည်။ ယင်းစီမံချက်ကိုအကောင်အထည်ေ ဖ်ာရန် နိုင်ငံ အလိုက် စစ်ဆင်ရေးတာဝန်ခံများ ပင်လျာထားသတ်မှတ်သည့် အဆင့်အထိ စာရေးသူပါဝင်ဆွေးနွေးခဲ့ဖူး သည်။
ဥပမာ၊ စစ်ဆင်ရေး ဌာနချုပ်အမည်ဝှက် နောင်ရိုး။ထိုင်းနိုင်ငံ တာဝန်ခံ
မိုးကြိုး။ မလေးရှား နိုင်ငံတာဝန် ခံပျံလွှား စသည်ဖြင့်...။ စာရေးသူ၏ပါဝင်
သက်မှု ကာလသည် တလခွဲခန့်ကြာမြင့်ခဲ့သည်။
၎င်းစာပါစိတ်ဝင်စားဖွယ်။စဉ်းစားဆင်ခြင်ဖွယ်မြန်မာ့နိုင်ငံ ရေးအပေါ်သုံးသပ်ချက်ထားများမှာအောက်ပါအတိုင်းဖြစ်၍မူရင်းစာသားအတိုင်းဖော်ပြအပ်ပါသည်။ယင်းသုံးသပ်ချက်များမှာ ၂၀၀၈နှစ်ကုန်ပိုင်းဗမာပြည်အ ခြေအနေဖြစ်သည်ကိုသတိပြုစေလိုပါသည်။
- လက်ရှိအစိုးရအခြေအနေ
နိုင်ငံတော်ကာကွယ်ရေးတက္ကသို လ်သင်တန်း အမှတ်စဉ် (၉) သင်တန်း ၊ သင်တန်းဆင်းကာလ (၂၀၀၉ ခုနှစ် ၊ဒုတိယလေးလပတ် ကာလအတွင်း) အစိုးရအဖွဲ့ပြင်ဆင်ဖွဲ့စည်း မှုအတွက် အထူးအားထည့်ဆောင်ရွက်နေခြင်း၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အသင်းအား နိုင်ငံရေးပါတီတစ်ရပ်အသွင် ကူးပြောင်းရန်စုဖွဲ့ပြင်ဆင် ဆောင်ရွက်ခြင်း ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့
အစည်းများမှ ခေါင်းဆောင်ပိုင်းများကို ရွေးကောက်ပွဲဝင်ရန် စည်းရုံးပြီး
လက်နက်ကိုင်တပ်များကို ထိန်းချုပ်ရန် ပြင်ဆင်ဆောင်ရွက်ခြင်း ပြည်တွင်း
နိုင်ငံရေးလှုပ်ရှားမှုများ ကို အရှိန်အဟုန်ဖြင့် ဖြိုခွင်းတားဆီးခြင်း ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှအပ အခြားမြေပေါ်နိုင်ငံရေးပါတီ များကို ရွေးကောက်ပွဲလမ်းကြောင်းပေါ် ဆွဲတင်ခြင်း ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို တရားဝင်ဖျက်သိမ်းခြင်း အစရှိသော နိုင်ငံရေး လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ရမည့်ဖြစ်သည် အတွက် နိုင်ငံရေးအကျပ်အတည်း များရှိနေသည်။
- အတိုက်အခံများအခြေအနေ
တည်ဆဲအစိုးရဖြုတ်ချရေးဘုံလု ပ်ငန်းစဉ်အားလက်တွေ့ကျကျပူး ပေါင်းအကောင်အထည်ဖော်ရန် တူညီသောမဟာဗျူဟာအခင်းအကျင်း
များမရှိခြင်း ၊ ညီညွတ်သောအင်အားစုအဖြစ် ဦးဆောင်မည့်လူ။ အဖွဲ့အစည်းတစ်ရပ်
မရှိခြင်း လက်ကျန်တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများကလည်း
နယ်မြေအလိုက်ဟန်ချက်ညီစစ်ရေး အရထိုးဖောက်တိုက်ကွက်ဖော်ရန် အင်အားမရှိခြင်း ။ ပြည်သူလူထုနှင့် တပ်မတော်က ယုံကြည်အားကိုးရ လောက်သောနိုင်ငံတကာထောက်ခံမှုရရှိသည့် စင်ပြိုင်အစိုးရ တစ်ရပ်အသင့်မရှိခြင်း။
- ဒေါ်အောင်ဆန်းစုကြည်အခြေအနေ
နိုင်ငံတကာဖိအားပေါ်မူတည်၍ အလျော့အတင်းလုပ် နိုင်ငံရေးကစားကွက်ပုံဖော်ြ ခင်း ယာယီအားဖြင့် တားဆီးမိန့်ရုပ်သိမ်းပေးပြီး လူထုနှင့်ထိစပ်မှုပေးကာလူထု အတွင်းမှ လုပ်ကြံမှု (ဖန်တီးချက်) ဖြင့် အဆုံးသတ်စေခြင်း ။
(၃)အံဝင်ဂွင်ကျထူးဆန်းစွာတိုက်ဆိုင်နေမှု
စာရေးသူမှတ်မိသမျှ ၎င်းအီးမေးလ်စာပါစီမံချက်၏အဓိက ရည်ရွယ်ချက်များမှာ အတိုချုံးအားဖြင့်အောက်ပါအတိုင်းဖြစ်၏။
၁။အမေရိကန်အပါအဝင် အနောက်အုပ်စုနှင့်ချိတ်ဆက်ေ ပးရန်
၂။ ဒေါ်အောင်ဆန်းစုကြည်ကို ခေါင်းဆောင်တင်မြှောက်ရန်
၃။ တိုင်းရင်းသားအဖွဲ့များနှင့်  အပြေလည်ဆုံးညှိနှိုင်းဆွေးေ နွးရန်
၎။ ပြည်ပရောက်မြန်မာ့အတိုက်အခံ များနှင့် ပြေလည်မှုရရှိစေရေးအတွက် ညှိနှိုင်းခွင့်ရနိုင်ရေး ချိတ်ဆက်ပေးရန်။
အဆက်အသွယ် မျိုးစုံဖြင့် ချိတ်ဆက်စုံစမ်းသည့်အခါ စာရေးသူထံမေးလ်ပို့သူမှာ မြန်မာစစ်တပ်အသိုင်းအဝိုင်း ကြားတွင် နည်းမျိုးစုံဖြင့် ဒိုးလိုမွှေရေလိုနှောက်ကျင်လ ည်ခဲ့သူဖြစ် ကြောင်းခိုင်မာစွာသိရသည်။ထိုထူးဆန်းသောမေးလ်သည် အတိုက်အခံခေါင်းဆောင်တချို့ ထံသို့လည်း ရောက်ရှိခဲ့ဟန်ရှိသော်ငြား အဆိုပါစာအပေါ်တစ်စုံတစ်ရာ မှတ်ချက်ပြုသံကိုမူ ထူးဆန်းစွာ၊တစ်လုံးတစ်ပါဒမျှ စာရေးသူ မကြားမိချေ။ မကြာမီစာရေးသူ၏မေးလ်အကောင့် သည် ထူးဆန်းစွာ အဟက်ခံခဲ့ရသည်။
မည်သို့ဆိုစေ စာရေးသူအနေဖြင့်ဗမာ့စစ်ထောက်လှမ်းရေး၏တန်ပြန်နည်းဗျူဟာ အချို့ကို စောင်းပါးရိပ်ခြည်နားလည်နေသ ည့်အတွက် အဆိုပါအီးမေးလ်ပါစီမံချက် အပြည့်အစုံကို ယုံကြည်လက်ခံရန်အကြောင်းမရှိချေ။သို့သော်ယခုစာရေးနေချိ န်တွင် ဖြစ်ပေါ်နေသည့် မြန်မာ့နိုင်ငံရေး ဖြစ်စဉ်တွင် အထက်ဖော်ပြပါလေးချက်အနက်မှ သုံးချက်သည် ထူးဆန်းစွာ အံဝင်ဂွင်ကျဖြစ်၊တိုက်ဆိုင် နေသည်ကို အံ့သြဖွယ်တွေ့မြင်နေရသည်။
စိတ်ကူးယဉ်ဆန်ဆန်အရူးအနှမ်း သဖွယ်
စီမံထားလေသည့် အဆိုပါ ရွှေပြည်တော်စစ်ဆင်ရေးသည် အဘယ်ကြောင့် လက်ရှိမြန်မာ့
နိုင်ငံရေးအခြေအနေနှင့် ထူးဆန်းစွာ တိုက်ဆိုင်နေပါသနည်း။
အမေရိကန်နှင့်အနောက်အုပ်စုသ ည်အရူး အိပ်မက်ကို အကောင် အထည် ဖော်လောက်အောင် အတွေးအခေါ်မညံ့ ဖျင်းတန်ရာ။ နိုင်ငံတော်သမ္မတရုံး စာအမှတ် ၁၅၁(၂)/၈/ ၃ဖြင့်
လွှတ်တော်သို့ ပေးပို့ခဲ့သည့် (၂၉-၉-၂ဝ၁၁) နေ့စွဲပါ သဝဏ်လွှာဖြင့်
မြစ်ဆုံစီမံကိန်းကို ရပ်တန့်စေခဲ့သည်။တရုပ်ကိုအာခံသည့် ခြေလှမ်းသည်
ကမ္ဘာ့အင်အားကြီးနိုင်ငံ တခု၏ကျောထောက်နောက်ခံရှိပါမှသာ ဖြစ်နိုင်ကောင်းသည့် ကိစ္စဖြစ်၍ယင်းမြစ်ဆုံရပ်ဆို င်းခြင်းသည် ဗိုလ်ချုပ်မှူးကြီး၏ အစီအမံမဟုတ် တန်ရာချေ။
ဤဆောင်းပါးကိုရေးရခြင်းမှာ မြန်မာ့နိုင်ငံရေး အကူးအပြောင်းသည် မြန်မာစစ် ဗိုလ်ချုပ်တို့၏ တွေးခေါ်မြှော်မြင်မှုကြောင့်  မဟုတ်ပဲ တစ်စုံတစ်ခုသော မဟာဗျူဟာလှိုင်းတံပိုးကြီးေ ကြာင့် ဖြစ်ပေါ်လာခဲ့ဟန်ရှိကြာင်း ဆင်ခြင်ယုတ္တိတစ်ရပ်ထုတ်ယူရန်သာဖြစ်၏။
(ဆက်လက်ဖော်ပြပါမည်)
စာရေးဆရာ မင်းဒင် ၏ facebook စာမျက်နှာမှကူးယူဖော်ပြပါသည်။
(မင်းဒင် ရေးသည်။)
နိဒါန်း
ဤစစ်တမ်းသည် မြန်မာ့နိုင်ငံရေးအကူးအပြော
(၁)စစ်ခေါင်းဆောင်ဟောင်းကြီ
(၂၀၁၀)ခုနှစ်တွင်မြန်မာ့နို
သို့သော် အမျိုးသားဒီမိုကရေစီအဖွဲ့ချ
တိတိကျကျဆိုရလျှင် အာဏာတည်မြဲရေးအတွက် တရုတ်ပြည်ကြီးကို အစွန်းတဖက်နင်းကာ အမှီသဟဲပြုခဲ့သော ဗိုလ်ချုပ်မှူးကြီး ဟောင်းသည် မြစ်ဆုံစီမံ ကိန်းရပ်နားမိန့်ကို မည်သည့်နည်းနှင့်မျှ ပေးဖွယ်ရာမရှိသလိုမြောက်ကို
စစ်အစိုးရသည်တရုတ်နိုင်ငံနှ
ကမ္ဘာကုန် ကျယ်သရွေ့အာဏာကိုဖက်တွယ်ထား
ထိုသို့ဆိုလျှင် မြန်မာ့နိုင်ငံရေးအကူးအပြော
(၂)ထူးဆန်းသောစာတစ်စောင်
စစ်တပ်အတွင်း၌ပင် စစ်ဗိုလ်ချုပ်ကြီးတို့၏ ညစ်နည်းတစ်ထောင်ကို စိတ်ပျက်လာနေသူအချို့အမှန်ပ
၎င်းစာပါစိတ်ဝင်စားဖွယ်။စဉ်းစာ
- လက်ရှိအစိုးရအခြေအနေ
နိုင်ငံတော်ကာကွယ်ရေးတက္ကသို
- အတိုက်အခံများအခြေအနေ
တည်ဆဲအစိုးရဖြုတ်ချရေးဘုံလု
- ဒေါ်အောင်ဆန်းစုကြည်အခြေအနေ
နိုင်ငံတကာဖိအားပေါ်မူတည်၍ အလျော့အတင်းလုပ် နိုင်ငံရေးကစားကွက်ပုံဖော်ြ
(၃)အံဝင်ဂွင်ကျထူးဆန်းစွာတု
စာရေးသူမှတ်မိသမျှ ၎င်းအီးမေးလ်စာပါစီမံချက်၏အဓိက
၁။အမေရိကန်အပါအဝင် အနောက်အုပ်စုနှင့်ချိတ်ဆက်ေ
၂။ ဒေါ်အောင်ဆန်းစုကြည်ကို ခေါင်းဆောင်တင်မြှောက်ရန်
၃။ တိုင်းရင်းသားအဖွဲ့များနှင်
၎။ ပြည်ပရောက်မြန်မာ့အတိုက်အခံ
အဆက်အသွယ် မျိုးစုံဖြင့် ချိတ်ဆက်စုံစမ်းသည့်အခါ စာရေးသူထံမေးလ်ပို့သူမှာ မြန်မာစစ်တပ်အသိုင်းအဝိုင်း
မည်သို့ဆိုစေ စာရေးသူအနေဖြင့်ဗမာ့စစ်ထောက
စိတ်ကူးယဉ်ဆန်ဆန်အရူးအနှမ်း
ဤဆောင်းပါးကိုရေးရခြင်းမှာ မြန်မာ့နိုင်ငံရေး အကူးအပြောင်းသည် မြန်မာစစ် ဗိုလ်ချုပ်တို့၏ တွေးခေါ်မြှော်မြင်မှုကြောင်
(ဆက်လက်ဖော်ပြပါမည်)
စာရေးဆရာ မင်းဒင် ၏ facebook စာမျက်နှာမှကူးယူဖော်ပြပါသည်။