Facebook ကို ကောင်းမွန်စွာအသုံးပြုရန် နည်းလမ်းများ
၁။ လောကအမှန်တရားကို ဆန့်ကျင်၍၄င်း၊ အများအတွက် အကျိုးနည်းနိုင်ခြေကို၎င်း၊ likes လိုလား၍၄င်း၊ ဆဲဆိုခြင်းကို၎င်း၊ မမှန်မကန်အထင်ကြီးမှုကို တပ်မက်၍၄င်း Status မတင်သင့်ပါ။ comment မရေးသင့်ပါ။
၂။ like ပြုလုပ်ခြင်းနှင့် share ပြုလုပ်ခြင်းသည် connection အတန်အသင့်ကောင်းရုံဖြင့် လွယ်ကူစွာပြုလုပ်နိုင်ပါသည်။ သို့သော် မိမိအမှန်တကယ်နှစ်သက်မှု မရှိပါဘဲ like ပြုလုပ်ခြင်း၊ အများအတွက် အမှန်တကယ် အကျိုးမရှိပါဘဲ share ပြုလုပ်ခြင်း တို့ကို အထူးသတိထား ရှောင်ကျင်သင့်ပါသည်။ သဘောမတူသူ များပါက မိမိရပ်တည်မှုကို ထိခိုက်နိုင်၏။ အထင်သေးခြင်းခံရနိုင်ပါသည်။
၃။ မိမိမလိုလားတော့သော friend ကို block ပြုလုပ်နိုင်ပါသည်။ သို့သော် မိမိမည်မျှပင် မနှစ်သက်စေကာမူ block ခြင်းကို ရှောင်ကျင်သင့်ပါသည်။ မိမိက မလိုလားသူ၏ post များ၊ share ခြင်းများကို မမြင်လိုပါက news feed မှဖြောက်ထားခြင်း၊ unfriend ပြုလုပ်ထားခြင်း တို့ကိုသာ လုပ်ဆောင်ထားသင့်ပါသည်။ မိမိ၏ဒေါသအား ဖော်ပြလိုစိတ်ဖြင့် block ပြုလုပ်သော် နောင်တရနိုင်ပါသည်။
၎။ comment ပြုလုပ်ရာတွင် ရန်ပွားနိုင်သော အမုန်းသင့်နိုင်သော ငြင်းခုန်ခြင်းများကို၎င်း၊ celebrity မဟုတ်သူများအား ဝေဖန်ခြင်းကို၎င်း ရှောင်ရှားသင့်ပါသည်။
၅။ connection ညံ့လွန်းသောအချိန်တွင် Facebook ကိုအသုံးမပြုသင့်ပါ။ စောင့်ရသော ဒုက္ခ ကြောင့် စိတ်မသက်မသာဖြစ်တတ်ပါသည်။
၆။ page များအား like ပြုလုပ်ထားနိုင်သကဲ့သို့ မိမိမနှစ်သက်တော့လျှင် unlike ပြန်လုပ်သင့်ပါသည်။ အချိန်ကုန် အကျိုးနည်းသော စာများကို မဖတ်သင့်ပေ။ အထူးသဖြင့် သတင်း page များကိုဖတ်ရှုရာတွင် သတင်းများအား တာဝန်ယူမှုရှိသော၊ ဂုဏ်သိက္ခာရှိသော၊ သတင်းကျင့်ဝတ်ကို စောင့်ထိန်းသည်ဟု ယူဆရသော၊ အစွန်းမရောက်သော သတင်း page များကိုသာ like ပြုလုပ် ဖတ်ရှုသင့်ပါသည်။ ကာတွန်း၊ဟာသ page များသည် မိမိအား ကျေနပ်မှုတစုံတရာ ပေးစွမ်းနိုင်ပါသည်။
၆။ Facebook ကို တစ်ကြိမ်အသုံးပြုလျှင် အများဆုံး တစ်နာရီခန့်သာ အသုံးပြုသင့်သည်။ ကြိမ်ဖန်များစွာ ၀င်လိုက် ထွက်လိုက် ပြုလုပ်ခြင်းကို ရှောင်ကျင်သင့်ပါသည်။
၇။ မိမိ၏ Facebook password အား တစ်လတစ်ကြိမ် သို့မဟုတ် နှစ်လတစ်ကြိမ် ပြောင်းလဲအသုံးပြုနိုင်ပါက သင့်တော်ပါသည်။
နှလုံးစိတ်ဝမ်း ငြိမ်းချမ်းကြပါစေ
သိန်းသန်းထိုက်
နှလုံးစိတ်ဝမ်း ငြိမ်းချမ်းကြပါစေ
သိန်းသန်းထိုက်