စတုတ္ထအကြိမ်မြောက် Developer Conference ကျင်းပမည်
By : internet_journal , Posted: Wednesday, 5 November 2014
ယခုကျင်းပမည့် Developer Conference (Dev con) တွင် ရန်ကုန်မြို့နှင့် မြန်မာနိုင်ငံတစ်ဝန်းရှိ ကွန်ပျူတာ၊ ဆော့ဖ်ဝဲ၊ Networking နှင့် အိုင်တီ နည်းပညာလုပ်ငန်းများမှ ပညာရှင်များ၊ လုပ်ငန်းရှင်များ၊ ကွန်ပျူတာနှင့် အိုင်တီကျောင်းများ၊ တက္ကသိုလ်များမှ ပါမောက္ခ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ နိုင်ငံရပ်ခြားရောက် မြန်မာပညာရှင်များ၊ နိုင်ငံခြားတက္ကသိုလ်နှင့် လုပ်ငန်းများမှ ပညာရှင်များ နှစ်စဉ်စုဝေးကာ အသိပညာ၊ အတတ်ပညာ၊ နောက်ဆုံးပေါ် နည်းစနစ်များ၊ နည်းပညာများကို တင်ပြ၊ ဆွေးနွေး ဖလှယ်ကြသော စုဝေးဆွေးနွေးပွဲတစ်ခုအဖြစ် ကျင်းပသွားမည်ဖြစ်ကြောင်း ဖြစ်မြောက်ရေးကော်မတီမှ သိရသည်။
Developer Conference (Dev con) တက်ရောက်ရန်အတွက် လက်မှတ်များကို မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်အသင်း ရုံးခန်းအပါအဝင် သတ်မှတ်နေရာများတွင် ဝယ်ယူနိုင်မည်ဖြစ်ကြောင်း၊ တက်ရောက်ခွင့် လက်မှတ်တစ်စောင်လျှင် ငါးထောင်ကျပ်ဖြစ်ပြီး ကျောင်းသား၊ ကျောင်းသူများဖြစ်ပါက သုံးထောင်ကျပ် ဖြစ်ကြောင်းသိရသည်။ Developer Conference (Dev con) ၂၀၁၄ နှင့် ပတ်သက်၍ အသေးစိတ် အချက်အလက်များကို www.devconmyanmar.org တွင် အသေးစိတ် လွှင့်တင်ထားမည်ဖြစ်ကြောင်း သိရသည်